ကျွန်ုပ်တို့အကြောင်း
Welcome to Ezycash Credit
သင်စိတ်ချယုံကြည်နိုင်တဲ့ ငွေရေးကြေးရေးပလက်ဖောင်းကနေ ကြိုဆိုပါတယ်
Ezycash Credit ဟာ ငွေချေးပေးတဲ့ ပလက်ဖောင်းသာမဟုတ်ပါဘူး၊ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် တည်ဆောက်ထားတဲ့ အသိုင်းအဝိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ တာဝန်က ချေးငွေထုတ်ပေးရုံတင်မဟုတ်ဘဲ သင်ကျန်းမာပျော်ရွှင်အောင်နဲ့ ကြီးပွားချမ်းသာအောင် ကူညီပေးဖို့လည်းဖြစ်ပါတယ်။ “Ezycash” ဆိုတဲ့နာမည်အတိုင်း သင့်ချေးငွေရယူမှု လုပ်ငန်းစဉ်ကို အလွယ်ကူဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကျွန်ုပ်တို့ ကြိုးစားသွားပါမယ်။

ကျွန်ုပ်တို့ရဲ တာဝန
ကျွန်ုပ်တို့ရဲ့ တာဝန်ဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို သူတို့ဘ၀ တိုးတက်အောင်နဲ့ ရည်မှန်းချက်တွေ ဆွတ်ခူးနိုင်အောင် ကူညီထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။ တိုင်းတစ်ပါးမှာ အလုပ်လုပ်နေစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကျွန်ုပ်တို့နားလည်ပြီး ဖြေရှင်းပေးဖို့ ကြိုးစားလျက်ရှိပါတယ်။ Ezycash Credit မှာ သင့်ကျန်းမာပျော်ရွှင်မှုက ကျွန်ုပ်တို့ရဲ့ ဦးစားပေးအရာ ဖြစ်ပါတယ်။
ဘာကြောင Ezycash
သုံးသင့်တာလဲ။
လျင်မြန်ထိရောက်
ငွေကို မြန်မြန်ရဖို့ အရေးကြီးကြောင်းကို ကျွန်ုပ်တို့နားလည်ပါတယ်။ မိနစ် 30 အတွင်းမှာ သင်လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှုကို ရရှိအောင် ဆောင်ရွက်ပေးဖို့ ကျွန်ုပ်တို့တဲ့ လျှောက်တင်မှု လုပ်ငန်းစဉ်ကို ချောမွေ့နေအောင် လုပ်ပေးထားပါတယ်။
သင့်ကြီးပွားတိုးတက်မှုက အရေးပါပါတယ်
ကျွန်ုပ်တို့က ငွေချေးပေးတဲ့ ပလက်ဖောင်းတစ်ခုသာ မဟုတ်ပါဘူး၊ သင့်ကြီးပွားတိုးတက်ရေး လက်တွဲဖော်လည်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဆီမှာ မှတ်ပုံတင်ခြင်းအားဖြင့် သင့်ဟင်းချက်စွမ်းရည်၊ ငွေကြေးပညာရေးနဲ့ သင့်အလုပ်ခွင် ဘာသာစကားကို တိုးတက်နိုင်စေမယ့် အပတ်စဉ် သင်တန်းတွေ အပါအဝင် သီးသန့်အကျိုးခံစားခွင့်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
အွန်လိုင်းကနေ လုပ်ဆောင်နိုင်မှု
သင်ဟာ ချေးငွေရယူဖို့ ရုံးလာစရာမလိုဘဲ ကိုယ့်စိတ်ကြိုက်နေရာကနေ ကျွန်ုပ်တို့ရဲ့ အွန်လိုင်းပလက်ဖောင်းကို အသုံးပြုပြီး ချေးငွေလျှောက်တင်လို့ရသလို အသိပညာပေးရင်းမြစ်တွေကိုလည်း ရယူနိုင်ပါတယ်။
ပွင့်လင်းမြင်သာမှုနှင့် မျှတမှု
အတိုးနှုန်းနည်းနည်းနဲ့ ကျွန်ုပ်တို့ရဲ့ ငွေလွှဲငွေယူလုပ်ဆောင်မှု အားလုံးမှာ ပွင့်လင်းမြင်သာမှု အပြည့်အ၀ ပေးဆောင်ဖို့ ကတိပေးပါတယ်။ လျှို့၀ှက်အခကြေးငွေတွေ၊ အံ့အားသင့်စရာတွေ မရှိစေရပါဘူး၊ ရှင်းလင်းတဲ့ စည်းမျဉ်းတွေနဲ့ မျှတတဲ့ သဘောတူညီချက်တွေသာ ရှိစေရပါမယ်။
ဖော်ရွေစွာ ကူညီပံ့ပိုးမှု
ကျွန်ုပ်တို့ရဲ့ ဖောက်သည်ဝန်ဆောင်မှုအဖွဲ့ဟာ သင့်ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေအတွက်သာမက သင့်ကိုယ်ရေးကိုယ်တာနဲ့ အတတ်ပညာပိုင်းဆိုင်ရာ ကြီးပွားတိုးတက်မှုအတွက်ပါ ကူညီပေးဖို့အသင့်ရှိပါတယ်။ ကျွန်ုပ်တို့က ငွေချေးပေးသူတွေသာမဟုတ်ပါဘူး၊ သင့်ခရီးစဉ်တစ်လျှောက် လမ်းညွှန်ပေးမယ့် ဆရာတွေလည်း ဖြစ်ပါတယ်။

Ezycash Credit နှင့်
သင့်ငွေရေးကြေးရေး ခရီးစဉ်
သင့်အနေနဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ကျွန်ုပ်တို့ ကူညီပေးပါမယ်။ ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်ဟာ ရေမြေခြားတစ်နေရာမှာ သင့်ဘ၀တိုးတက်စေဖို့ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေကို ပေးအပ်ဖို့ဖြစ်ပါတယ်။ Ezycash မှာ မှတ်ပုံတင်ခြင်းအားဖြင့် သင့်ကြီးပွားတိုးတက်မှုနဲ့ ကျန်းမာပျော်ရွှင်မှုကို တန်ဖိုးထားတဲ့ အသိုင်းအဝိုင်းတစ်ခုမှာ သင်ပါဝင်နိုင်မှာဖြစ်ပါတယ်။

ကျွန်ုပ်တို့က
Ezycash Credit ပါ
ကျွန်ုပ်တို့က ချေးငွေထုတ်ပေးတဲ့ ပလက်ဖောင်းသာ မဟုတ်ပါဘူး၊ သင့်အပေါ် ဂရုစိုက်တဲ့ အသိုင်းအဝိုင်းတစ်ခု ဖြစ်ပါတယ်။ သင့်ကြီးပွားတိုးတက်မှုနဲ့ ကျန်းမာပျော်ရွှင်မှုအတွက် ကတိကဝတ်ဟာ ကျွန်ုပ်တို့ လုပ်သမျှအရာတိုင်း၍ အလယ်ဗဟိုမှာ တည်ရှိပါတယ်။ ဘ၀ရဲ့ ငွေရေးကြေးရေးအပိုင်း စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်အောင်နဲ့ အခွင့်အလမ်းအသစ်တွင် အကောင်းဆုံးအသုံးချနိုင်အောင် ကူညီပေးဖို့ အသင့်ရှိနေပါတယ်။
Ezycash Credit မိသားစုထဲ ပါဝင်ဖို့ ဒီနေ့ပဲ စာရင်းသွင်းပြီး သင့်ကြီးပွားတိုးတက်မှုနဲ့ ကျန်းမာပျော်ရွှင်မှုကို အစစ်အမှန် ဂရုစိုက်တဲ့ ယုံကြည်စိတ်ချရတဲ့ ငွေရေးကြေးရေး လက်တွဲဖော်တစ်ဦးရှိခြင်းရဲ့ အကျိုးကျေးဇူးတွေကို ခံစားလိုက်ပါ။ သင့်အလုပ်ကြိုးစားမှုဟာ ငွေကြေးကူညီပံ့ပိုးမှုသာမကဘဲ တခြားအကျိုးခံစားခွင့်တွေကိုပါ ရရှိဖို့ ထိုက်တန်ပါတယ်
